မဇ္ဈိမ အင်တာနက်စာမျက်နှာ တိုက်ခိုက်ခံရ

E-mail Print

ယနေ့နံနက် ထိုင်းနိုင်ငံစံတော်ချိန် ၄ နာရီတွင် ပြည်ပအခြေစိုက် မဇ္ဈိမသတင်းဌာန၏ အင်တာနက်စာမျက်နှာများ တိုက်ခိုက် ခံရသည်ဟု ၎င်းသတင်းဌာန၏ အယ်ဒီတာ ဦးစိန်ဝင်းက

ဧရာဝတီကို ပြောသည်။

မဇ္ဈိမသတင်းဌာန၏ အင်္ဂလိပ်ပိုင်း၊ မြန်မာပိုင်း၊ ရုပ်သံနှင့် ဓာတ်ပုံတို့ကို ဖော်ပြသည့် စာမျက်နှာများကို လူအများ ၀င်ရောက်ကြည့်ရှူခွင့်မရ အောင် နည်းပညာကိုအသုံးပြု၍ တိုက်ခိုက်ခြင်း ဖြစ်သည်။

“အကြောင်းတခုခုရှိလို့ hack လုပ်တာဖြစ်မှာပေါ့။ ဘယ်သူ့လက်ချက်ဆိုတာတော့ မပြောနိုင်သေးဘူး။ ကျနော်တို့တွေ့ထားတဲ့ ip လိပ်စာက အမေရိကားကလာတာ၊ နည်းပညာတတ်ကျွမ်းတဲ့သူ တယောက်ယောက်က သူ့အကျိုးစီးပွားအတွက် လုပ်တာ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်” ဟု ဦးစိန်ဝင်းက ပြောသည်။

ယနေ့နေ့လယ်ပိုင်းက စာဖတ်သူတချို့ မဇ္ဈိမအင်တာနက်စာမျက်နှာသို့ ၀င်ရောက်ကြည့်ရှူရာ လွတ်လပ်သည့် မြန်မာနိုင်ငံ သား နည်းပညာဖောက်ထွင်းသမား (hacker) တို့က ၎င်းဆိုက်ကို သိမ်းပိုက်လိုက်သည်ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသား ဖော်ပြထားသည်ဟု ဆိုသည်။

လွန်ခဲ့သည့်လလယ်ပိုင်းကလည်း နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗီဘီ) နှင့် ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်းတို့၏ အင်တာနက်စာမျက်နှာများကို နည်းပညာဖောက်ထွင်းသမားတို့က Distributed Denial of Service (DDoS) နည်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ယနေ့နေ့လယ်ပိုင်းတွင် မဇ္ဈီမက ၎င်း၏ အင်္ဂလိပ်ပိုင်း၊ ရုပ်သံနှင့် ဓာတ်ပုံစာမျက်နှာကို ပြန်လည်ပြင်ဆင် ထုတ်လွှင့်နိုင်ပြီ ဖြစ်ပြီး ယနေ့ညနေပိုင်းတွင် အားလုံးပြန်လည်ကောင်းမွန်မည်ဟုမျှော်လင့်ကြောင်း မဇ္ဈိမအယ်ဒီတာ ဦးစိန်ဝင်းက ပြောသည်။

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်