ဦးဝင်းတင်သတင်း ဖော်ပြမိသောကြောင့် အက်ရှင်တိုင်းမ်စ်ဂျာနယ် တလအပိတ်ခံရ

E-mail Print

မြန်မာအပတ်စဉ် အက်ရှင်တိုင်းမ်စ် (The Action Times) ဂျာနယ် တလ ပိတ်ပင်ခံရသည့် အကြောင်းရင်းမှာ ယခင်တပတ်က အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော သတင်းစာဆရာကြီး ဦးဝင်းတင်အကြောင်းကို ဖော်ပြထားသောကြောင့် ဖြစ်နိုင် ကြောင်း ရန်ကုန်အခြေစိုက် သတင်းသမားတဦးက သုံးသပ်သည်။

“ဆရာကြီး ဦးဝင်းတင်ဟာ စက်တင်ဘာ ၂၃ ရက်ညနေခင်း က အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီး မိတ်ဆွေ ဦးမောင်မောင်ခင် နေအိမ်မှာ ကျန်းကျန်းမာမာနဲ့ နေထိုင်လျှက် ရှိပါတယ်။ ထောင်တွင်းမှာ နှစ်ပေါင်း ၂၀ ခန့် နေထိုင်ခဲ့ရပေမယ့် ဦးဝင်းတင်ဟာ မျက်စိအားနည်းတာ တခုကလွဲပြီး ကျန်းကျန်းမာမာ ရှိနေတာ တွေ့ရပါတယ်” ဟု ၎င်း ဂျာနယ်တွင် ရေးသားဖော်ပြထားသည်။

“ဦးဝင်းတင်နဲ့ ပတ်သက်လို့ ရေးထားတာကို စိစစ်ရေးက ဖြုတ်ခိုင်းတာ မဖြုတ်ဘဲ ထည့်လိုက်လို့ ပိတ်တယ်လို့ ထင်တာပဲ” ဟု အဆိုပါ သတင်းသမားက ပြောသည်။

အက်ရှင်တိုင်းမ်စ် ဂျာနယ် အမှတ်စဉ် (၃၈) စာမျက်နှာ ၃ ၌ ရေးသားထားသော ၎င်းသတင်းတွင် ဆရာကြီး ဦးဝင်းတင်အနေနှင့် အကျဉ်းထောင်ထဲတွင် ယမန်နှစ်မှစ၍ သတင်းစာနှင့် စာအုပ်များ ဖတ်ရှုခွင့်ရကြောင်းနှင့် ၎င်း၏ အတ္ထုပ္ပတ္တိ အပြည့်အစုံ၊ ကြေးမုံသတင်းစာ၊ ဟံသာဝတီ သတင်းစာတို့တွင် အယ်ဒီတာ တာဝန် ထမ်းဆောင်ခဲ့ပုံ တို့ကို ခုနှစ်သက္ကရာဇ်နှင့်တကွ အသေးစိတ် ဖော်ပြထားသည်။ သို့ရာတွင် ဦးဝင်းတင်၏ နိုင်ငံရေးလှုပ်ရှားမှုများကို ဖော်ပြထားခြင်း မတွေ့ရပေ။

“ဦးဝင်းတင်အကြောင်းက ဂျာနယ်တွေမှာ ရေးလို့မရဘူးဗျ။ မရေးရဘူးလို့ ပြောထားတာတော့ မဟုတ်ဘူး။ ရေးရင် ဖြုတ်တာပါ” ဟု သတင်းဂျာနယ် အယ်ဒီတာတဦးက ရှင်းပြသည်။

အက်ရှင်တိုင်းမ်စ် ဂျာနယ်အယ်ဒီတာ အဖွဲ့အနေနှင့်မူ ၎င်းတို့ဂျာနယ် အပိတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ မည်သည့် ထင်ကြေးမှ မပေးလိုဟု ဆိုသည်။

ယခုကဲ့သို ဂျာနယ်တလ ပိတ်ပင်ရခြင်းနှင့် ပတ်သက်၍ စာပေစိစစ်ရေးက စည်းမျဉ်းဖောက်ဖျက်ခြင်း ကြောင့်ဟူ၍သာ ပြောခဲ့သည်ဟု သိရှိရသည်။

သတင်းစာဆရာကြီးဦးဝင်းတင်သည် ၁၉၈၈ ခုနှစ်က ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက အစိုးရဆန့်ကျင်သည့် နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ်ကျော် နေခဲ့ရသည်။

ဦဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် ဆုနှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့နှင့် ပြင်သစ်ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။

ယမန်နေ့က အက်ရှင်တိုင်းမ်စ် ဂျာနယ်အပြင် ထရူးနယူးစ် (True News) ဂျာနယ်သည်လည်း မျက်နှာဖုံး တွင် မြန်မာ ကလေး အလုပ်သမား ဓာတ်ပုံကို ပုံကြီးဖြင့် ဖော်ပြလိုက်သောကြောင့် ၂ လတာ ပိတ်ပင်ခံခဲ့ရခြင်း ဖြစ်ကြောင်း ရန်ကုန် သတင်းအသိုင်းအဝန်းမှ ကြားသိရသည်။

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်