ဖရီးဒန်းအော့ဖ်ဆဲလ်ဖို့ ဆုအတွက် ဒေါ်စုနှင့် ရိုင်ယန်ဂစ်တို့ ၂ ဦးကို ရွေးချယ်ရခက်နေ

E-mail Print

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် မန်ချက်စတာ ယူနိုက်တက် ဘောလုံး အသင်းမှ ဂန္ထ၀င် ဘောလုံးသမားရိုင်ယန်ဂစ်တို့ နှစ်ဦးအနက် မည်သူ့ကို ဆုပေး ရမည်ဆိုသည်ကို ဖရီးဒန်းအော့ဖ် ဆဲလ်ဖို့ဒ် (Freedom of Salford) ဆု ရွေးချယ်ရေး အဖွဲ့က ဆုံးဖြတ်ရ ခက်နေကြောင်း သိရသည်။

ဖရီးဒန်းအော့ဖ် ဆဲလ်ဖို့ဒ် ဆုသည် အင်္ဂလန်နိုင်ငံ ဆဲလ်ဖို့ဒ်မြို့တွင် နေထိုင်ခဲ့ဖူးသည့် လူပုဂ္ဂိုလ် တဦးချင်း၏ စွမ်းဆောင်မှု အရည်အချင်းကို လေးစား အသိအမှတ်ပြုသည့် အနေဖြင့် ယူနီဆန် ဆဲလ်ဖို့ဒ်အဖွဲ့က ရွေးချယ် ပေးအပ်သော ဆုဖြစ်သည်။

ယင်းဆုကို ၁၉၇၅ ခုနှစ်ကနောက်ဆုံး ပေးအပ်ချီးမြှင့်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင်မှ ပြန်လည်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် ထိုဆုကို တောင်အာဖရိက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ နယ်လ်ဆင် မင်ဒဲလားအား ချီးမြှင့် ခဲ့သည်။

ဆုရွေးချယ်သည့် ယူနီဆန်ဆဲလ်ဖို့ဒ် အဖွဲ့မှ အတွင်းရေးမှူး ရေးလ် ဝေါလ်ကာက “လွန်ခဲ့တဲ့နှစ်တွေက ကျနော်တို့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ ပြည်သူတွေကို ထောက်ခံမှုတွေ ပြသခဲ့ပါတယ်။ ဒီဆုကို နှစ်အတော်ကြာ မချီးမြှင့်နိုင်ခဲ့ တာရယ် ပြန်ပေးဖို့ ကြိုးစားတော့လဲ အခုချိန်ထိ ဘယ်သူ့ကို ရွေးရမှန်း မဆုံးဖြတ်နိုင်တာရယ်ကို စိတ်ပျက်မိပါတယ်” ဟု ပြောသည်။

ဇန်န၀ါရီလက ရိုင်ယန်ဂစ်အား အဆိုပါဆုကို ချီးမြှင့်ရန် ရည်ရွယ်ထားသော်လည်း ယူနီဆန် အကြီးအကဲ များက ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံ ရွေးချယ်ခဲ့သဖြင့် ယခုအခါ ဆု ရွေးချယ် ချီးမြှင့်ရေးနှင့် ပတ်သက်၍ အငြင်းပွားနေ ကြောင်း သိရသည်။

ရိုင်ယန်ဂစ်မှာ ဆဲလ်ဖို့ဒ်မြို့တွင် နေထိုင်ခဲ့သူဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ၎င်းမြို့တွင် နေထိုင်ခဲ့ဖူးခြင်း ရှိမရှိကို ဆုရွေးချယ်ရေးအဖွဲ့က သံသယ ရှိနေကြ၏။

၎င်းဆုအတွက် www. guardian.co.uk တွင် မဲပေးရွေးချယ် နိုင်ကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆာ့ခါရော့ဆု(Sakharov prize) (၁၉၉၀)၊ နိုဗဲလ်ငြိမ်းချမ်းရေးဆု (Nobel peace Prize) (၁၉၉၁)၊ ဆိုင်မွန်ဘိုလီဗာဆု (Simon Bolivar Prize)ု(၁၉၉၂)၊ Prix Litteraire des Droits de I' Homme (၁၉၉၂)၊ (Liberal International Prize for Freedom)(၁၉၉၅)၊ (Jawaharlal Nehru Award for International Understanding) ဂျဝါဟာလာနေရှုးဆု (၁၉၉၅) များကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ရိုင်ယန်ဂစ်သည် ပီအက်ဖ်အေ၏ အသက်အငယ်ဆုံးကစားသမားဆု (၁၉၉၂-၉၃)၊ အိုဘီအီးဆု (၂၀၀၇) အပါအ၀င် မန်ယူ အသင်းနှင့်အတူ အင်္ဂလန်ပရီးမီးယားလိဂ်သရဖူ ကို(၁၀) ကြိမ်မြောက် ဆွတ်ခူး ရယူပေး နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဖလား ကိုလည်း(၂) ကြိမ်တိုင်တိုင် ရယူပေးခဲ့သည်။

ထို့အပြင် တချိန်က ဝေလနိုင်ငံ လက်ရွေးစင် အသင်း၏ အသက်အငယ်ဆုံးကစားသမား၊ မန်ယူအသင်း အတွက် ပွဲအများဆုံး ပါဝင် ကစားပေးခဲ့သော ကစားသမားအဖြစ်လည်း မှတ်တမ်းတင်ထားသည်။

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်