တာပိန်ရေအားလျှပ်စစ်စီမံကိန်းအတွက် ကေအိုင်အိုကို တရုတ်ငွေ ၁၅ သိန်း အခွန်ပေးရ

E-mail Print

အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ်စီးပွားရေးကုမ္ပဏီများ ဖက်စပ်လုပ်ကိုင်နေသည့် တာပိန်ရေအားလျှပ်စစ် စီမံကိန်း အမှတ် (၁) နှင့် အမှတ် (၂) တို့ထံမှ

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က တရုတ်ငွေ ၁၅ သိန်း အခွန် ကောက်ခံသည်ဟု ဒေသခံများက ပြောသည်။

ကေအိုင်အို က ၎င်းတို့ထိန်းချုပ်သည့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း အဆိုပါ ရေအားလျှပ်စစ်စီမံကိန်း လုပ်ကိုင် နေသဖြင့် အခွန်ငွေကောက်ခံခြင်းဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းကိုယ်တိုင် ၀င်ရောက် ညှိနှိုင်းပေးရသည်ဟုလည်း ဒေသခံများက ဆိုသည်။

“တရုတ်ကပထမ မပေးဘူး။ အစိုးရနဲ့ပတ်သက်တယ်ဆိုပြီး အကြောင်းပြတယ်။ အဲဒါကြောင့် လွန်ခဲ့တဲ့ ၁၀ ရက်ကျော် လောက်က ကချင်တပ်ရင်း ၂ ရင်းဝိုင်းလိုက်သေးတယ်။ နောက်မှ တိုင်းမှူးဝင်ညှိပေးလို့ တရုတ်ငွေ ၁၅ သိန်းနဲ့ ပြေလည် သွားတယ်လို့ သိရတယ်” ဟု ဒေသခံတဦးက ပြောသည်။

တာပိန် အမှတ် (၁) စီမံကိန်းသည် လျှပ်စစ်ဓာတ်အား မီဂါဝပ် ၂၄၀ ကို ထုတ်လုပ်မည်ဖြစ်ပြီး တာပိန်အမှတ် (၂) စီမံကိန်း သည် လျှပ်စစ်ဓာတ် ၁၆၈ မီဂါဝပ် ထုတ်လုပ်မည် ဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ကချင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၏ တာဝန်ခံ ကိုနော်လာ က တာပိန် အမှတ် (၁) စီမံကိန်း ၃၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း ပြောသည်။

စစ်အစိုးရက ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရာတွင် ဒေသခံပြည်သူများ၏ သဘောဆန္ဒမပါဘဲ ၎င်းတို့၏ဆန္ဒဖြင့် ဆောက်လုပ်ခဲ့ပြီး အကျိုးစီးပွားကိုလည်း စစ်အစိုးရနှင့် တရုတ်အာဏာပိုင်တို့သာ ရရှိသည်ဟု ကိုနော်လာ က ပြောသည်။

ကချင်ပြည်နယ်အတွင်း၌ တာပိန်ရေအားလျှပ်စစ်စီမံကိန်းအပါအ၀င် စီမံကိန်း ၉ ခုကို စစ်အစိုးရနှင့် တရုတ်အာဏာပိုင်တို့ ပူးပေါင်းဆောက်လုပ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင်အကြီးဆုံးဖြစ်သည့် ကချင်ပြည်နယ်ရှိ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းပေးရန် လွန်ခဲ့သည့် နှစ်ကတည်းက ဒေသခံများက တောင်းဆိုထားသည်။ ၎င်းစီမံကိန်းကြောင့် ဒေသတွင်းရှိ ရွာ ၉ ရွာ ရေလွှမ်းမိုးဖွယ် ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်