၁ မဲ ၃ သောင်းပေး၍ ကြံ့ဖွံ့မဲဝယ်

ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ရန် ကျန်ရှိသည့် ၀န်ထမ်း ၁၂၀၀၀ ခန့်ကို တဦးလျှင် ကျပ် ၃ သောင်းစီပေး၍ နေပြည်တော်အသွား ကားပါ စီစဉ်ပေးပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို မဲပေးရန် စီစဉ်ပေးနေကြောင်း သတင်းရရှိသည်။

အဆိုပါ ဝန်ထမ်းများကို နိုဝင်ဘာ ၆ ရက်နေ့ညတွင် နေပြည်တော်သို့ ထွက်ခွာရန် ညွှန်ကြားထားကြောင်း၊ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် စစ်အစိုးရ ခေါင်းဆောင်များ ယှဉ်ပြိုင်မည့် နေပြည်တော် မဲဆန္ဒနယ်တွင် ကြံ့ဖွံ့ပါတီ အနိုင်ရရန် တမဲလျှင် ကျပ် ၃ သောင်းပေး၍ မဲဝယ်ခြင်းသာ ဖြစ်ကြောင်း ဝန်ထမ်းများက ဝေဖန်ပြောဆိုနေကြသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်