မဲမပေးရေး တီရှပ်ဝတ် NLD လူငယ်များ တားဆီးခံရ

Monday, 01 November 2010 13:26 ရွေးကောက်ပွဲ သတင်းတို
Print
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးတင်ဦးတို့၏ ဓာတ်ပုံများနှင့်“ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဥပဒေအရ မဲမပေးဘဲ နေပိုင် ခွင့် ရှိသည်”ဟူသော စာတမ်း ပါ တီရှပ်များ ၀တ်ဆင်ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) လူငယ် ၁၅၀ ခန့်ကို ယမန်နေ့က ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် ရဲနှင့် စွမ်းအားရှင်များက ၀ိုင်းဝန်း တားဆီးခဲ့သည်။

တောင်ဒဂုံမြို့နယ် သက်ကြီး ပူဇော်ပွဲသို့ သွားရန်အတွက် အေးချမ်းစွာ လမ်းလျှောက်လာစဉ် ယင်းသို့ တားဆီးခဲ့ခြင်း ဖြစ်ကြောင်း NLD လူငယ် တဦးက ပြောသည်။

ကြည့်မြင်တိုင်နှင့် စမ်းချောင်းမြို့နယ်များတွင်လည်း တီရှပ်ဝတ်ဆင်ထားသည့် NLD လူငယ်များကို အာဏာပိုင်များက တားဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။