ရန်ကုန်တွင် လုံခြုံရေး စတင် တင်းကျပ်

Monday, 01 November 2010 13:29 ရွေးကောက်ပွဲ သတင်းတို
Print
ရွေးကောက်ပွဲ အကြိုကာလ ဖြစ်ပေါ်လာမည့် လူထုလှုပ်ရှားမှုများအား ထိန်းချုပ်ရန်ဟုဆိုကာ ယနေ့မှ စတင်၍ ရန်ကုန်မြို့တွင်း လုံခြုံရေးကို ပိုမိုတင်းကျပ်ထားကြောင်း ကြားသိရသည်။

ဆူးလေ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ လသာ၊ လှည်းတန်း စသည့် မြို့နယ်များတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုံခြုံရေး တာဝန် ယူထားပြီး တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ စသည့် ဒေသများတွင်မူ တပ်မ ၇၇ နှင့် တပ်မ ၆၆ တို့က လုံခြုံရေး တာဝန်ယူထားသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။