ရွေးကောက်ပွဲကာလ မန္တလေး NGO များ ရပ်မည်

Monday, 01 November 2010 14:01 ရွေးကောက်ပွဲ သတင်းတို
Print
မန္တလေးမြို့အခြေစိုက် NGO တချို့၏ လှုပ်ရှားမှုများကို ရွေးကောက်ပွဲကြောင့် ယာယီရပ်တန့်ထားသည်ဟု မန္တလေး NGO အသိုင်းအဝိုင်းက ပြောဆိုသည်။

Care Myanmar, PSI နှင့် World Vision စသည့် အဖွဲ့အစည်းများ ၏လှုပ်ရှားမှုများကို ရွေးကောက်ပွဲ မပြုလုပ်မီ ၂ ပတ် နှင့် ရွေးကောက်ပွဲကာလ အပြီး ၂ ပတ်အထိ လှုပ်ရှားမှုများ ရပ်နားထားရမည်ဖြစ်ကြောင်း သိရှိရသည်။

“HIV/ AIDS လူနာတွေကို ဆန်တွေပေးတာတို့၊ တခြားထောက်ပံ့တာတို့ကိုတောင်မှ မလုပ်တော့ဘူး။ လူတွေစုတဲ့ gathering ပွဲတွေလည်း မလုပ်ရဘူး၊ ရွေးကောက်ပွဲ ပြီးလို့ တပတ်လောက်ကြာမှ အလုပ်ပြန်စမယ်လို့ ပြောကြတယ်။ သီးခြား ရပ်တည်တဲ့ အဖွဲ့တွေ မဟုတ်တဲ့၊ အဖွဲ့ငယ်တွေတော့ ဆက်လုပ်နေတယ်”ဟု မန္တလေး ဒေသခံ NGO ဝန်ထမ်း တဦးက ပြောသည်။