သိန္နီမှာ ကြံ့ဖွံ့ ကြိုတင်မဲကောက်

Monday, 01 November 2010 14:03 ရွေးကောက်ပွဲ သတင်းတို
Print
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်တွင် ယမန်နေ့က ကြိုတင်မဲများ ကောက်ခံခဲ့ပြီး ကြံ့ဖွံ့ ပါတီကို မဲမထည့်ပါက ပယ်မဲအဖြစ် သတ်မှတ်မည်ဟု မဲရုံမှူးက ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

သိန္နီမြို့ခံ တဦးက “မနေ့က ရပ်ကွက် (၂) တရပ်ကွက်လုံး မဲထည့်ရတယ်။ မဲ မထည့်ခင်မှာ မဲရုံမှူးက မဲတွေအားလုံးကို ဖောက်ကြည့်မယ်။ တကယ်လို့ မဲပေးထားတာက ကြံ့ဖွံ့မဟုတ်ဘူးဆိုရင် ပယ်မဲအဖြစ် သတ်မှတ်မယ်လို့ ပြောတယ်။ မဲရုံမှူး ရဲ့ မိသားစုတွေရော ကြံ့ဖွံ့ကိုပဲ မဲပေးရမယ်၊ အစိုးရဝန်ထမ်းတွေရဲ့ မိသားစုတွေလည်း ကြံ့ဖွံ့ကိုပဲ မဲထည့်ရမယ်လို့ ပြော တယ်”ဟု ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)ကိုမဲထည့်ရန် ပြောဆိုမှုများရှိနေသော်လည်း ဒေသခံအများစုမှာ ၎င်းတို့ တိုင်းရင်းသားပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)ခေါ် ကျားဖြူပါတီကိုသာ ထောက်ခံ ကြကြောင်း အဆိုပါ ဒေသခံက ပြောဆိုသည်။