၂၀ တန် ဖုန်းကတ်များ ဖျက်သိမ်းတော့မည်

လုံခြုံရေးအတွက် စိတ်ချရသော တခါသုံး FEC ၂၀ တန် ဖုန်းကတ်များမှာ ဝယ်ယူသုံးစွဲမှု များပြားသော်လည်း လာမည့် ၁၅ ရက်နေ့မှ စ၍ ဖျက်သိမ်းတော့မည် ဖြစ်ကြောင်း မိုဘိုင်းဖုန်းကတ် အရောင်းဆိုင်များက ပြောသည်။

ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ စစ်အစိုးရက ဆက်သွယ်မှုလမ်းကြောင်းများကို တဖြည်းဖြည်း ဖြတ်တောက်လျက် ရှိကြောင်း၊ လက်ရှိ ပေါများစွာ ချပေးထားသည့် ကျပ် ၅ သိန်းတန် ဖုန်းများမှာ လုံခြုံမှုမရှိကြောင်း နံပါတ်အသေမဟုတ်သဖြင့် စိတ်ချရသော FEC ၂၀ တန် ဖုန်းကတ်များကို ဖျက်သိမ်းခြင်းမှာ ရွေးကောက်ပွဲလွန်ကာလ ၎င်းတို့ စိတ်တိုင်းကျ ခြယ်လှယ်မည့် နိုင်ငံရေးအခင်းအကျင်းကို ပြည်ပက အလွယ်တကူ မသိစေရန် ဆက်သွယ်မှု လမ်းကြောင်းတခု ဖြတ်တောက်လိုက်ခြင်းသာ ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်