သင်တန်းတက်မည့် ၀န်ထမ်းများကို ကြိုတင်မဲကောက်

ရွေးကောက်ပွဲ ကာလအတွင်း ရန်ကုန်တိုင်း ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) နှင့် မန္တလေးတိုင်း ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) တို့သို့ တက်ရောက်မည့် ၀န်ထမ်းများကို ကြိုတင်မဲများ ကောက်ယူနေကြောင်း သတင်းရရှိသည်။

“သက်ဆိုင်ရာ မြို့နယ်ရုံးမှာ သွားထည့်ရတာ။ သူတို့ရှေ့မှာပဲ။ နာမည်၊ မှတ်ပုံတင်၊ ရာထူးတွေကို စာရွက်နဲ့ရေးပြီး အတူတူ ထည့်ရတော့ ပယ်မဲဖြစ်အောင် လုပ်ဖို့မပြောနဲ့ တခြားပါတီလည်း မရွေးရဲဘူး။ မဲမပေးဘူးဆိုလည်း မရဘူး။ ခြိမ်းခြောက်တာ လိုမျိုးတွေပြောတော့လေ”ဟု ဖောင်ကြီး သင်တန်းတက်ရောက်မည့် ၀န်ထမ်းတဦးက ပြောသည်။

ထို့အတူ ဇီးပင်ကြီးတွင်လည်း ကြိုတင်မဲများ ကောက်ယူခဲ့ရာ လွတ်လပ်မှု မရှိကြောင်း ၀န်ထမ်းများက ဆိုသည်။

“လျှို့ဝှက်ဆန္ဒပြုခန်းမဟုတ်ဘူး။ သင်တန်းရုံးထဲမှာ လူကြီးတွေရှေ့မှာပဲ ထည့်ရတယ်။ သင်တန်းသားရဲ့နာမည်၊ အဆင့်၊ နေရပ်၊ မှတ်ပုံတင် နံပါတ်တွေ ရေးထားတဲ့စာရွက်နဲ့ မဲပြားနဲ့ အတူတူထည့်ရတာ။ မဲမထည့်ရင် ပယ်မဲဖြစ်အောင်လုပ်ရင် အဲ့ဒီ သင်တန်းသားကို မှတ်ထားမယ်ဆိုပြီးလည်း ခြိမ်းခြောက်တယ်”ဟု ဇီးပင်ကြီးတွင် သင်တန်းတက်ရောက်နေသည့် ၀န်ထမ်းတဦးက ပြောသည်။

ဝန်ထမ်းများကို ကြိုတင်မဲများ ကောက်ယူရာတွင် လွတ်လပ် မျှတမှု မရှိသောကြောင့် လာမည့်ရွေးကောက်ပွဲတွင် မဲထည့် မည့် ပြည်သူများအတွက်လည်း လွတ်လပ် မျှတမှု ရှိနိုင်မည် မဟုတ်ကြောင်း ၀န်ထမ်းများက ပြောဆိုနေကြသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်