ရေနံချောင်းမှာ မဲမပေးရေး တီရှပ်ဝတ်ဆင်မှု လှုပ်ရှား

“ဥပဒေအရ မဲမပေးဘဲ နေပိုင်ခွင့်ရှိသည်” ဆိုသော စာတန်းပါသည့် တီရှပ်များကို ၀တ်ဆင်၍ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု တခုကို ယနေ့နံနက်မှ စတင်၍ ရေနံချောင်း မြို့ခံလူငယ်များက ပြုလုပ် လိုက်ကြောင်း သတင်းရသည်။

အဖြူရောင်တီရှပ် အပေါ်တွင် ယင်းစာတန်းကို အနီရောင်ဖြင့် ပုံဖော်ထားပြီး “မဲမပေးဘဲ”ဆိုသည့် စကားစုကိုပိုမိုပေါ်လွင် စေရန် စာလုံး အကြီးဖြင့် ရိုက်နှိပ်ထားကြောင်း၊ တီရှပ်အထည် ၁၀၀ ကို ပထမဦးဆုံး ဝေငှပြီး ဈေးများ၊ လက်ဖက်ရည်ဆိုင်၊ ကားဂိတ်  စသည့် လူစည်ကားရာ နေရာများတွင် ၀တ်ဆင်သွားလာနေကြောင်း မြို့ခံလူငယ်တဦးက ပြောသည်။

အဆိုပါလှုပ်ရှားမှုကို ဒေသဆိုင်ရာ အာဏာပိုင်များက အရေးယူမှု မရှိသော်လည်း စောင့်ကြည့်မှုရှိကြောင်း သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်