တနိုင်ငံလုံးရှိဆိုင်များကို ညဘက်စောစီးစွာပိတ်ရန် ညွှန်ကြား

မြန်မာတနိုင်ငံလုံးရှိ လက်ဘက်ရည်ဆိုင်၊ လမ်းဘေးဆိုင်များ အပါအဝင် ဆိုင်အားလုံးကို နိုဝင်ဘာ ၂ ရက်မှ ၄ ရက်နေ့အထိ ည ၈ နာရီ နောက်ဆုံးထား ပိတ်ရန်၊ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ညနေ ၆ နာရီ၌ အပြီးပိတ်ရန်  အာဏာပိုင်များက ညွှန်ကြား ထားကြောင်း သတင်းရရှိသည်။

ယခုအခါ ညဘက် ပြေးဆွဲသည့် အငှားယာဉ်များကိုလည်း တင်းကျပ်စွာ စစ်ဆေးနေကြောင်း၊ လူအများ ညမထွက်ရအမိန့် သီးခြား မထုတ်ပြန်သော်လည်း ဆိုင်များပိတ်ရန် ညွှန်ကြားလိုက်သည့်အတွက် လူအများမှာ ထိတ်လန့်နေကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်