ဇီးကုန်း ကြံ့ဖွံ့ ဒီမိုကရက်တစ်ကို ရန်လို

Tuesday, 02 November 2010 16:29 ရွေးကောက်ပွဲ သတင်းတို
Print
ဇီးကုန်းမြို့နယ် အရှေ့ခြမ်း တိုင်းဒေသကြီး လွတ်တော်အတွက် ၀င်ရောက် အရွေးခံမည့် ဒီမိုကရက်တစ် ပါတီ(မြန်မာ) အမတ် ဦးချိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၃၀ ခန့်က ရန်ပြုရန် ယမန်နေ့က ၀ိုင်းထားသည်ဟု သိရ သည်။

အသက် ၃၀ အရွယ်ရှိ ကျူရှင်ဆရာ တဦးဖြစ်သော ဦးချိုသည် ဒေသခံ ကျောင်းသား မိဘများ၏ ထောက်ခံမှုကို ရရှိ ထားပြီး အမတ်တဦးအဖြစ် အရွေးချယ်ခံရရန် အလားအလာ ကောင်းနေသည့်အပြင် ကြံ့ဖွံ့ပါတီ၏ မဲဆွယ်စည်းရုံးမှု များကို ဒေသခံများက လက်မခံသဖြင့် ယင်းသို့ ရန်ပြုရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကြံ့ဖွံ့ပါတီရဲ့ပိုစတာ ဗီနိုင်း ကပ်ဖို့တောင် အိမ်တွေက နေရာမပေးကြဘူး၊ အဲဒါကြောင့် ပေါက်ကွဲပြီးတော့ သူ့ကို ၀ိုင်း တယ်၊ အဲဒါ ဆရာ့ရဲ့တူတယောက်က ပြေလည်စေချင်လို့ ကျနော့်ခြံထဲမှာ လာကပ်လို့ ပြောလိုက်တာနဲ့ အဲဒီပြဿနာ ပြီးသွားတယ၊် အဲဒီကိစ္စကို ကော်မရှင်ကိုတော့ တင်ခိုင်းလိုက်တယ်”ဟု ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင် တဦး ဖြစ် သူ ဒေါ်ချိုချို ကျော်ငြိမ်းက ပြောသည်။