ရွေးကောက်ပွဲကာလ ရွှေဈေးတည်ငြိမ်ရန် ရွှေလုပ်ငန်းရှင်များကို သတိပေး

Tuesday, 02 November 2010 16:33 ရွေးကောက်ပွဲ သတင်းတို
Print
ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလအတွင်း ရွှေဈေးနှုန်းများ တည်ငြိမ်စွာ ရှိနေစေရေးအတွက် ရွှေလုပ်ငန်းရှင်များအသင်းကို အာဏာပိုင်များက ယနေ့ မွန်းလွဲ ၁ နာရီတွင် အစည်းအဝေး ခေါ်ယူ ကျင်းပစေခဲ့ကြောင်း သိရသည်။

ယနေ့ရွှေဈေးမှာ အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၆၅၆၃၀၀ ရှိနေကြောင်း၊ ရွှေဈေးနှုန်း ခုန်တက်သည်ကို အကြောင်းပြု၍ လူအများလှုပ်ရှားဆူပူမှုများ မဖြစ်စေရန် လက်ရှိရွှေဈေးကို ထိန်းထားရမည် ဖြစ်ကြောင်း ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) တွင် ကျင်းပသည့် ယနေ့ အစည်းအဝေး၌ ပြောဆို ဆွေးနွေးကြရသည်ဟု ရွှေကုန်သည်များက ပြောသည်။