ဒေါ်လာဈေးပြန်တက်

လွန်ခဲ့သည့် တပတ်က ၁ ဒေါ်လာ ပေါက်ဈေးမှာ ၈၈၀ ကျပ်မှ ၈၉၀ ကျပ် ဝန်းကျင်သာ ရှိသော်လည်း ယနေ့ ၉၀၈ ကျပ်အထိ ဈေးတက် သွားကြောင်း သတင်းရရှိသည်။ ငွေကြေးပိုလျှံသူ အများစုမှာ ဒေါ်လာ ဝယ်ယူစုဆောင်းလာကြကြောင်း၊ ရွေးကောက်ပွဲအပြီး နောက်ပိုင်း ဒေါ်လာဈေးများ ထပ်မံတက်ဖွယ်ရှိသဖြင့် တက်ဈေးဖြင့်ပြန်လည် ရောင်းချကြလိမ့်မည်ဖြစ်ကြောင်း၊ FEC ဈေးနှုန်းမှာလည်း တယူနစ်လျှင် ၇၉၀ ကျပ်မှ ယခု ၈၁၀ အထိ တက်သွားကြောင်း ဒေါ်လာရောင်းဝယ်သူတို့က ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်