ရန်ကုန်တိုင်း မြို့နယ်တချို့ ညမထွက်ရ

ရွေးကောက်ပွဲ အကြိုကာလ ရန်ကုန်တိုင်း အတွင်း မြို့နယ် တချို့၌ ည ၉ နာရီ နောက်ပိုင်း အပြင် မထွက်ရန်နှင့် စစ်ဆေး မေးမြန်းခြင်း ခံရမည် ဖြစ်ကြောင်း ယမန်နေ့ညတွင် သက်ဆိုင်ရာ အာဏာပိုင်များက စပီကာဖြင့် လိုက်လံကြေညာသည်ဟု ဒေသခံများက ပြောသည်။ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ် အနောက်ပိုင်း၊ တာမွေ၊ ကျောက်မြောင်းနှင့် မင်္ဂလာဒုံ မြို့နယ်များတွင် ကြေညာခြင်း ဖြစ် ကြောင်း သိရသည်။ ထို့အပြင် ညဘက်ဖွင့်သော လက်ဖက်ရည်ဆိုင်များ၊ အင်တာနက် ကဖေး ဆိုင်များနှင့် ဗီဒီယိုရုံများကိုလည်း ည ၈ နာရီ တွင် ပိတ်ရန် အာဏာပိုင်များက အကြောင်းကြားထားကြောင်း လုပ်ငန်းရှင်များက ပြောပြသည်။ အောက်တိုဘာ နောက်ဆုံးပတ်က စ၍ ရန်ကုန်မြို့တွင်း လူစည်ကားရာ နေရာများ၌ လုံခြုံရေးချထားပြီး ရဲ နှင့် လုံထိန်းများ ပါသော လုံခြုံရေးကားများလည်း လှည့်လည်လျက် ရှိကြောင်း သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်