မထသ ဝန်ထမ်းအားလုံး ကြိုတင်မဲပေးရမည်

Wednesday, 03 November 2010 14:11 ရွေးကောက်ပွဲ သတင်းတို
Print
မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) လက်အောက်ရှိ ၀န်ထမ်းအားလုံး နိုဝင်ဘာ ၅ ရက်နေ့၌ ကြိုတင်မဲပေးနိုင်ရန် မထသ ရုံးချုပ်တွင် မဲ ရုံ ၂ ခု တည်ဆောက်ပေးမည်ဟု သိရသည်။ ရုံးဝန်ထမ်းများ၊ ယာဉ်မောင်းများနှင့် ယာဉ်အကူများအားလုံး မိမိနေရပ်တွင် မဲ သွားပေးရန် မလိုတော့ကြောင်း၊ ကျိုက္ကဆံ လမ်းမကြီးပေါ်ရှိ မထသ ဗဟို ရုံးတွင်သာ ကြိုတင်မဲ မပေးမနေရ သွားပေးရမည်ဖြစ်ကြောင်း၊ ဌာနအလိုက် လူစုက ကြိုတင်မဲ လာရောက်ပေးနိုင်ရန် ကားများ စီစဉ်ပေးမည်ဖြစ်ကြောင်း မထသ အရာရှိကြီးတဦးက ပြောသည်။