ကြံ့ဖွံ့ မဲရရေး အကျွေးအမွေးဖြင့် စည်းရုံး

Wednesday, 03 November 2010 14:50 ရွေးကောက်ပွဲ သတင်းတို
Print
ကရင်ပြည်နယ် မြ၀တီမြို့အမှတ် ၃ ရပ်ကွက်တွင် ရယက ဥက္ကဌ က ရပ်မိရပ်ဘများနှင့် ရာအိမ်မှူး ဆယ်အိမ်မှူးများကို ယမန်နေ့က ဖိတ်ခေါ်ကာ အကျွေးအမွေးဖြင့် ဧည့်ခံပြီး ကြံ့ဖွံ့ပါတီ မဲရရှိရေး အတွက် ပြောကြောင်း သိရသည်။ မြ၀တီမြို့ တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အစိုးရ၀န်ထမ်းများ ကြားတွင်သာ စိတ်ဝင်စားမှုရှိပြီး သာမန် အရပ်သူ အရပ်သားများက စိတ်ဝင်စားမှု မရှိကြောင်း၊ ထို့ကြောင့် ကြံ့ဖွံ့ ပါတီကို မဲပေးရန် စည်းရုံးနေခြင်းဖြစ်ကြောင်း မြ၀တီမြို့ရှိ ရဲ ၀န်ထမ်း တဦးက ပြောဆိုသည်။