တောင်တွင်းကြီးကဝန်ထမ်းများ ကြံ့ဖွံ့ကိုကြိုတင်မဲပေးရ

Wednesday, 03 November 2010 15:14 ရွေးကောက်ပွဲ သတင်းတို
Print
တောင်တွင်းကြီး မြို့နယ်အတွင်းရှိ အစိုးရ ၀န်ထမ်းများ အားလုံးကို နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အတွင်း ကြိုတင်မဲများ မပေးမနေရ ကောက်ခံနေပြီး ကြံ့ဖွံ့အမှတ်တံဆိပ် ခြင်္သေ့ပုံ ဘေးတွင်သာ အမှန်ခြစ်ရန် တာဝန်ရှိသူများက ဖိအားပေး စေခိုင်းကြောင်း သတင်းရရှိသည်။ ကြိုတင်မဲပေးရသည့် စာရွက်တွင် မည်သည့် အထောက်အထားမှ မပါဘဲ ကြံ့ဖွံ့ကို  အမှန်ခြစ်ပေးရ သောကြောင့် ၀န်ထမ်းများနှင့် သက်ဆိုင်ရာ ကော်မရှင်အကြား ပြဿနာများ ဖြစ်ပွားနေကြောင်း သိရသည်။