NDF မဲဆွယ်ဆိုင်းဘုတ်များ ကြံ့ဖွံ့ ဖြုတ်ချ

Wednesday, 03 November 2010 15:48 ရွေးကောက်ပွဲ သတင်းတို
Print
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် NDF ၏ မဲဆွယ် ဆိုင်းဘုတ်များကို ကြံ့ဖွံ့ပါတီက လိုက်လံ ဖြုတ်ချနေကြောင်း ၊ ကြံ့ဖွံ့ပါတီ၏ တိုက်ခိုက်ပြောဆိုမှုကြောင့် ၎င်းတို့အပေါ် ပြည်သူများ ဇဝေဇဝါ ဖြစ်ကြရကြောင်း ဖားကန့်မြို့နယ်မှ ၀င်ရောက် အရွေးခံမည့် NDF ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာက ဆိုသည်။