တသီးပုဂ္ဂလကိုယ်စားလှယ်ကို ကြံ့ဖွံ့ ပြဿနာရှာ

Wednesday, 03 November 2010 15:48 ရွေးကောက်ပွဲ သတင်းတို
Print
မဲဆွယ်ပြီး ပြန်လာသော တောင်ဥက္ကလာပမြို့နယ် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာ စောအောင်နှင့် အဖွဲ့ကို ညဥ့်နက်သည်အထိ လူစုဝေးသည်ဟုဆိုကာ ကြံ့ဖွံ့နှင့် အာဏာပိုင်များက ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ ရုံးခန်းဖွင့်လှစ်စဉ်ကလည်း လူအင်အား များပြားပြီး လမ်းပိတ်သွားသည့်အတွက် ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူ သတိပေးသည်ကို ခံခဲ့ရသည်။