ရွှေနှင့်ဒေါ်လာ ဝယ်စုသူများ၊ ဈေးထိုးတက်

Thursday, 04 November 2010 11:38 ရွေးကောက်ပွဲ သတင်းတို
Print
ရွေးကောက်ပွဲအပြီး နိုင်ငံရေးမတည်မငြိမ်ဖြစ်မည်ကို စိုးရိမ်ကြသောကြောင့် ရွှေနှင့် ဒေါ်လာ ၀ယ်ယူမှုများလာကာ ဈေးတက်သွားကြောင်း ဈေးကွက်များမှ သိရသည်။ နိုဝင်ဘာ ၂ ရက်နေ့က ရွှေဈေးမှာ ကျပ် ၆၅၆၉၀၀ ရှိနေရမှ ၃ ရက်နေ့တွင် ၆၆၂၅၀၀ ကျပ်သို့ လည်းကောင်း။ နိုဝင်ဘာလ ၂ ရက်နေ့က အမေရိကန် တဒေါ်လာ ၉၀၈ ကျပ်ခန့်ရှိနေရာမှ ၃ ရက်နေ့တွင် တဒေါ်လာ ၉၂၅ ကျပ်အထိ လည်းကောင်း ဈေးများ ထိုးတက်သွားခဲ့သည်။