ဝန်ထမ်းများ ပြည်ပမီဒီယာနှင့် ဆက်သွယ်လျှင် ထောင် ၁၄ နှစ်

Thursday, 04 November 2010 11:47 ရွေးကောက်ပွဲ သတင်းတို
Print
ရွေးကောက်ပွဲ ကာလ နေပြည်တော်ရှိ အစိုးရရုံးများ အပါအ၀င် အစိုးရ ရုံးများရှိ ကွန်ပျူတာ၊ အင်တာနက်၊ မိတ္တူကူးစက်၊ Fax စသော ပစ္စည်းများကို သုံးပြီး ပြည်ပ မီဒီယာများသို့ သတင်း အချက် အလက်များ ပေးပို့လျှင် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်မည် ဟူသော သတိပေး စာများကို နိုဝင်ဘာ လဆန်းမှ စတင်ပြီး ရုံးများတွင် ကပ်ထားကြောင်း ၀န်ထမ်း အသိုင်းအ၀ိုင်းမှ သိရသည်။