ကြံ့ဖွံ့အမတ်လောင်းများ၏ ဇနီး၊ သားသမီးများပါ မဲဝင်ဆွယ်

Thursday, 04 November 2010 12:27 ရွေးကောက်ပွဲ သတင်းတို
Print
ရန်ကုန်တွင် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ပါတီမှ အမတ်လောင်းများ၏ ဇနီးနှင့် သားသမီးများပါ လိုက်လံပြီး မဲဆွယ် စည်းရုံးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ အမည်ကို ကြည့်မနေဘဲ ခြင်္သေ့ရုပ် ဘေးတွင်သာ အမှန်ခြစ်ရန် ကြံ့ဖွံ့ပါတီ အမတ်လောင်းများ၏ ဇနီးများက ရပ်ကွက် အတွင်းဆင်း၍ မဲဆွယ် နေကြောင်း ပုဇွန်တောင် မြို့နယ်တွင် ကြံ့ဖွံ့၏ မဲဆွယ်စည်းရုံးမှု ခံခဲ့ရသူ တဦးက ပြောသည်။