တောင်ကြီးမှာ ရွေးကောက်ပွဲထက် မီးပုံးပျံပွဲ ပိုစိတ်ဝင်စား

Thursday, 04 November 2010 13:04 ရွေးကောက်ပွဲ သတင်းတို
Print
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ ဒေသခံများက ရွေးကောက်ပွဲ မဲပေးရေးထက် နိုဝင်ဘာ ၁၃ ရက်တွင် စတင် ကျင်းပမည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကိုသာ ပိုမို စိတ်ဝင်စားမှု ရှိကြောင်း သိရသည်။ “မီးပုံးပျံလုပ်နေတာကိုပဲ အာရုံထားတော့ မဲပေးဖို့ကို အခုပြောမှ သတိရတယ်”ဟု တောင်ကြီး မြို့မှ လူငယ်တဦးက ပြောသည်။