ရခိုင် ဒေသတချို့၌ အဓမ္မ ကြိုတင်မဲ ကောက်

Thursday, 04 November 2010 17:21 ရွေးကောက်ပွဲ သတင်းတို
Print
ရခိုင်ပြည်နယ် ဒေသတချို့တွင် အဓမ္မ ကြိုတင်မဲ ကောက်ယူမှုများ ရှိနေကြောင်း သိရသည်။ ဖိအားပေးနည်းနှင့် ကြိုတင်မဲ ကောက်ယူကြောင်း၊ ရယက စာရေးများက အိမ်အထိ ကြိုတင်မဲလာယူပြီး ကြံ့ဖွံ့ကို မဲထည့်ရမည်ဟုပြောကြောင်း၊ ထို မဲကို ချိပ်မပိတ်ဘဲ ယူသွားကြောင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။ ဂီရိမုန်တိုင်း ဒဏ်ခံဒေသ ၃ ခုတွင် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် စာတင်ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိကြောင်း သိရသည်။