ဝန်ကြီးချုပ် လေဘေးဒုက္ခသည်များကို မဲသွားဆွယ်

Thursday, 04 November 2010 17:49 ရွေးကောက်ပွဲ သတင်းတို
Print
ဝန်ကြီးချုပ် ဦးသိန်းစိန်သည် နိုဝင်ဘာ ၃ ရက်နေ့က ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများကို သွားကာ ကူညီမှုမပေးဘဲ ရွေးကောက်ပွဲ၌ မဲ မည်သို့ ပေးရမည်ကိုသာ ပြောဆို၍ ပြန်သွားကြောင်း ဒေသခံများက ပြောသည်။ ဝန်ကြီးချုပ်သည် စေတနာရှင်များနှင့် NGO များ လှူဒါန်းထားသည့် ပစ္စည်းတချို့ကို သက်ဆိုင်ဒေသ အာဏာပိုင် များထံ လွှဲပေးပြီး တဆင့်ပြန်ပေးရန် ညွန်ကြားခဲ့ပြီး အာဏာပိုင်များက ကြံ့ဖွံ့ကိုမဲပေးမှသာ ပစ္စည်းများ ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။