တောင်ဥက္ကလာ ကြိုတင်မဲပေးသူများ လျှို့ဝှက်ခန်းတွင် ပေးခွင့်မရ

Thursday, 04 November 2010 18:35 ရွေးကောက်ပွဲ သတင်းတို
Print
တောင်ဥက္ကပမြို့နယ်တွင် ကြိုတင်မဲ သွားပေးကြ သူများသည် လျှို့ဝှက်ခန်းတွင် မဲပေးခွင့် မရကြောင်း သိရသည်။ တောင်ဥက္ကလာပ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မိမိပေးလိုသည့် ကြိုတင်မဲကို သွားတင်ရကြောင်း၊ လျှို့ဝှက်ခန်း မဟုတ်သည့်အတွက် ကြိုတင်မဲပေးသူများမှာ ထိတ်လန့်နေကြပြီး ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ ကြံ့ဖွံ့ပါတီကို မဲပေးရန် ပုံစံတမျိုးဖြင့် ခြိမ်းခြောက်ခြင်းသာ ဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ပြောသည်။