မန္တလေးမှာ NO လှုပ်ရှားမှုလုပ်

Friday, 05 November 2010 12:47 ရွေးကောက်ပွဲ သတင်းတို
Print
NLDလူငယ်များက မန္တလေးမြို့တွင် ရွေးကောက်ပွဲမဲမပေးရေး လှုပ်ရှားမှုများ ယနေ့ စတင်နေပြီဖြစ်ကြောင်း သိရသည်။ NO စာတန်းပါ တီရှပ်ဝတ် လူငယ်များက ဆိုင်ကယ်အစီး ၂၀ ကျော်ဖြင့်ချမ်းအေးသာဇံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ စသည့် မြို့နယ်များတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ဥပဒေအရ မဲမပေးဘဲ နေခွင့်ရှိကြောင်း စာရွက်များကို ယနေ့ နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြောင်း NLDလူငယ်တဦးက ဧရာဝတီသို့ ပြောသည်။