ပလိပ်က ၀န်ထမ်းများ ကြံ့ဖွံ့ပဲ မဲထည့်ရမည်

Friday, 05 November 2010 12:48 ရွေးကောက်ပွဲ သတင်းတို
Print
မန္တလေးတိုင်း ပလိပ်ချည်မျှင်နှင့် အထည်စက်ရုံ ၀န်ထမ်းများ ကြံ့ဖွံ့ပါတီကို မဲထည့်ရမည်ဖြစ်သည်ဟု စက်ရုံမှူး ဗိုလ်မှူး သိန်းလွင်က ပြီးခဲ့သည့်ရက်က ညွှန်ကြားကြောင်း သတင်းရသည်။ ၀န်ထမ်းများသည် ယခင်ကတည်းက ကြံ့ဖွံ့အသင်းဝင်များဖြစ်ကြောင်း၊ ပါတီအသွင်ကူးပြောင်းသွားသော်လည်း မိမိကိုယ်မိမိ ပါတီဝင် အဖြစ်ခံယူပြီး ကြံ့ဖွံ့ကိုသာ မဲထည့်ရမည်ဖြစ်သည်ဟု စက်ရုံမှူး က ပြောကြောင်း ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။