မွန်ပါတီ စည်းရုံးရေးမှူး သေနတ်ဒင်နှင့် အရိုက်ခံရ

Friday, 05 November 2010 13:28 ရွေးကောက်ပွဲ သတင်းတို
Print
မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ရင်းဒိန်း ကျေးရွာ ဥက္ကဋ္ဌသည် အောက်တိုဘာ ၂၇ က မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMRDP) စည်းရုံးရေးမှူး တဦးကို ပစ္စတို သေနတ်ဖြင့် ရိုက်သဖြင့် ရေးမြို့နယ် ဆေးရုံ တွင် ဆေးကုသမှု ခံယူနေရကြောင်း၊ ရင်းဒိန်း ဥက္ကဋ္ဌ က စစ်တပ်ဘက်က ဖြစ်ကြောင်း၊ စည်းရုံးရေးမှူးကို ရွာထဲ ပေးမဝင်သဖြင့် သူနဲ့ရင်းနှီးသည့် SB နှင့်အတူ သွားရာ ဝင်ခွင့် ရသွားသဖြင့် SB အားကိုးသည် ဆို၍ ခေါင်းကို ရိုက်ခြင်း ဖြစ်ကြောင်း  AMRDP ဥက္ကဋ္ဌ နိုင်ငွေသိန်း ကပြောသည်။