ရေနံချောင်းမှာ ကြံ့ဖွံ့နှင့် တစည ကြိုတင်မဲကောက်

မကွေးတိုင်း ရေနံချောင်း မြို့မတောင်ရပ်ကွက်တွင် ယမန်နေ့က ကြိုတင်မဲယူရာ မဲပေးသူ ၇၀ ရှိကြောင်း၊ ကြံ့ဖွံ့ပါတီက ၆၈ မဲ ရရှိပြီး တစည ပါတီက ၂ မဲ ရရှိကြောင်း သတင်းရသည်။ ကြိုတင်မဲကို တရားဝင်မဲပေးသည့်နေ့မှသာ အများရှေ့၌ ထုတ်ယူ ရေတွက်ရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရွေးကောက်ပွဲ ကော်မရှင်နှင့် တာဝန်ရှိသူများက ကြိုတင်ဖွင့်ပြီး ရေတွက်ခြင်းသည် တရားမ၀င်ကြောင်း ရေနံချောင်းမြို့ခံတဦးက ပြော သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်