ရေနံပိုက်လိုင်း မီးလောင်မှု လူ ၂၀၀ နီးပါး သေဆုံး

Friday, 05 November 2010 13:30 ရွေးကောက်ပွဲ သတင်းတို
Print
ပခုက္ကူခရိုင် ကျောက်ခွက် အရာတော် ရေနံပိုက်လိုင်း မီးလောင်မှုကြောင့် သေဆုံးသူ ၂၀၀ နီးပါးပြီး ဆေးကုသမှု ခံယူ နေရသည့် ဒဏ်ရာရသူများ ထံမှ ဒေသအာဏာပိုင်များက ကြိုတင်မဲများ လာရောက် ကောက်ယူနေသည်ဟု မိသားစုဝင် များက ပြောသည်။ ဒဏ်ရာပြင်းထန်သည့် လူနာများမှာ ချောက်ဆေးရုံတွင် ၅၀ ကျော်၊ မြစ်ခြေဆေးရုံတွင် ၈ ဦး၊ ပခုက္ကူ ဆေးရုံ တွင် ၂၀ ကျော်ရှိပြီး ကျန်လူနာများမှာ ကျွန်းချောင်းနှင့် ညောင်ဦးဆေးရုံတွင် ကုသမှုခံယူဆဲဖြစ်သည်ဟု သိရသည်။