ရန်ကုန်တွင် လုံခြုံရေး သိသိသာသာတင်းကျပ်

Friday, 05 November 2010 13:32 ရွေးကောက်ပွဲ သတင်းတို
Print
နိုဝင်ဘာ ၄ ရက်နေ့ ယမန်နေ့ ည ၉ နာရီအချိန်ခန့်တွင် ရန်ကုန်မြို့တွင်း၌ လုံထိန်း ရဲကားများ လှည့်လည်နေကြောင်း၊ လည်ပင်းတွင် အနီပတ်ထားသည့် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော ရဲများစွာပါသည့် ကားများဖြစ်ကြောင်း၊ ရန်ကုန်တွင် လုံခြုံရေးသိသိသာသာ တိုးမြှင့်ချထားကြောင်း ရန်ကုန်အခြေစိုက် သတင်းထောက် တဦးကပြောသည်။ ယနေ့ မနက်တွင်လည်း လုံထိန်းရဲကားများမှာ မီးများဖွင့်၍ လှည့်လည်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။