မန္တလေး မြို့တော်ဝန်ကို မဲမပေးရေး လှုပ်ရှား

Friday, 05 November 2010 15:58 ရွေးကောက်ပွဲ သတင်းတို
Print
မန္တလေး အောင်မြေသာဇံမြို့နယ် ၊ ဘူတာဈေး ၊ ညောင်ပင်ဈေး ၊ ပိုက်ကျုံးနှင့် သီရိမင်္ဂလာ ကားကွင်းတို့တွင် ကြံ့ဖွံ့ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း မြို့တော်ဝန် ဦးဖုန်းဇော်ဟန်ကို မဲမပေးရေး ဗီစီဒီနှင့် စာရွက်များ ဖြန့်ဝေနေရာ လက်ရှိ မြို့တော်ဝန် ဖုန်းဇော်ဟန် သို့မဟုတ် ဘုံးဇော်ဟန် မြို့တော်ဝန်ဖြစ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဘုံးပြီး ပိုင်ဆိုင်ထားသော ပစ္စည်းများ စာရင်းဟု ၄င်းပိုင်ဆိုင်သော အိမ်ရာခြံမြေ ဓာတ်ပုံများနှင့်တကွ ဖော်ပြထားကြောင်း တွေ့မြင်ခဲ့ရသူ တဦးကပြောသည်။