ကြံ့ဖွံ့လုပ်ရပ်များ အစီရင်ခံစာ ထုတ်မည်

Friday, 05 November 2010 15:59 ရွေးကောက်ပွဲ သတင်းတို
Print
ရွေးကောက်ပွဲကို ရန်ကုန်အခြေစိုက် Myanmar network for free election အဖွဲ့မှ စောင့်ကြည့် အကဲခတ်ကာ အစီရင်ခံစာ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ အဖွဲ့သည် ၉ လပိုင်းမှ စတင်ကာ ရွေးကောက်ပွဲ အကြိုကာလ အခြေ အနေများကို စုဆောင်း နေကြောင်း၊ လတ်တလော စုဆောင်း ရရှိချက် အများစုမှာ ကြံ့ဖွံ့ပါတီ၏ ခြိမ်းခြောက် အကြပ်ကိုင် မဲဆွယ်မှုများနှင့် ကြိုတင်မဲကောက် ယူနေမှုများ ဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၀ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်သွားရန် စီစဉ်နေသည်ဟု အဖွဲ့ဝင်တဦးက ပြောသည်။