ဟာ့ဂ်ျ ခရီးသွားများလည်း ကြိုတင်မဲ ပေးရ

Friday, 05 November 2010 17:07 ရွေးကောက်ပွဲ သတင်းတို
Print
ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့ ဟာ့ဂ်ျ(Hajj) ခရီးစဉ် သွားရောက်မည့် အစ္စလမ်ဘာသာဝင် ၄၀၀၀ ခန့်ရှိ ခရီးစဉ်တွင်ပါဝင်သူ အများစုထံမှ ကြိုတင်မဲ ကောက်ယူနေကြောင်းသိရသည်။ သက်ဆိုင်ရာ မွတ်စလင်အသင်း သို့မဟုတ် ဘာသာရေး ၀န်ဆောင်မှု ကုမ္ပဏီ အစီအစဉ်နှင့် နိုဝင်ဘာ ၁၇ ရက် အသားအစ် မတိုင်မီ သွားရောက်သည့် အစ္စလမ် ဘာသာဝင် များထံမှ ကောက်ယူခြင်း ဖြစ်သည်ဟု မင်္ဂလာတောင်ညွှန့် မြို့နယ်နေ အစ္စလမ် ဘာသာရေး ဆရာ တဦးက ပြောသည်။