မှတ်ပုံတင် တခု ၃၀၀၀၊ နာရီပိုင်းအတွင်း လုပ်ပေးမည်

Saturday, 06 November 2010 12:25 ရွေးကောက်ပွဲ သတင်းတို
Print
ရွေးကောက်ပွဲ၌ မဲထည့်နိုင်ရန် အတွက် ၁၈ နှစ် ပြည့်သူတိုင်းကို ကျပ် ၃၀၀၀ ဖြင့် မှတ်ပုံတင် နာရီပိုင်းအတွင်း လုပ်ဆောင် ပေးနေကြောင်း သိရသည်။ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာနှင့် ရန်ကုန်မြို့တွင်းမှ မြို့နယ် အများအပြားတွင် ယခုရက် ပိုင်းအတွင်း စာရင်းကောက်၍ အတင်းအကျပ် လုပ်ဆောင် ခိုင်းနေကြောင်း ဒေသခံများက ပြောသည်။ နိုင်ငံသားကတ် ထုတ်ပေးပြီး သူများကိုလည်း ကြံ့ဖွံ့ပါတီ ကိုသာ မဲပေးရန် ပြောဆိုကြောင်း သိရသည်။