တောင်ဥက္ကလာ၌ မဲရုံ ကိုယ်စားလှယ်များ နုတ်ထွက်

Saturday, 06 November 2010 16:33 ရွေးကောက်ပွဲ သတင်းတို
Print
ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာ စောအောင်၏ မဲရုံ ကိုယ်စားလှယ် ၃ ဦး ယနေ့ ထပ်မံ နုတ်ထွက်သွားကြောင်း သိရသည်။ “အခု မဲရုံမှာ စောင့်ပေးဖို့ ကိုယ်စားလှယ် လိုက်ရှာနေတယ်၊ ကျနော့်ကို ပြောတာက မဲရုံ ကိုယ်စားလှယ် အဖြစ် တာဝန်ယူ ဆောင်ရွက် ပေးရင် ကျနော် ဘ၀ပျက် သွားပါလိမ့်မယ် ဆိုပြီး နုတ်ထွက် သွားတဲ့ တယောက်က ပြောသွားတယ်” ဟု ဒေါက်တာ စောအောင် က ပြော သည်။ ယမန်နေ့ ကလည်း တဦး နုတ်ထွက် ခဲ့သဖြင့် ယခု အခါ နုတ်ထွက်သူ ၄ ဦး ရှိပြီ ဖြစ်သည်။