တနိုင်ငံလုံး လျှပ်စစ်မီးရမည်ဆိုပြီး မဲဆွယ်

Saturday, 06 November 2010 16:33 ရွေးကောက်ပွဲ သတင်းတို
Print
စစ်အစိုးရက အမျိုးသား စွမ်းအင် ဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် ရွေးကောက်ပွဲပြီး နောက်ပိုင်း တနိုင်ငံလုံး လျှပ်စစ်မီး ပေးမည် ဟု ပြောဆိုသည်မှာ လိမ်လည် ခြင်းသာ ဖြစ်ကြောင်း၊ ၎င်းတို့ ဆက်လက် အုပ်ချုပ်ရေး အတွက် မဲဆွယ်ခြင်း ဖြစ်ကြောင်း ပြည် ပ အခြေစိုက် ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့က ကြေညာချက် တစောင် ထုတ်ပြန်သည်။ မြန်မာ နိုင်ငံ ၏ လျှပ်စစ် စွမ်းအင် ထုတ်လုပ် နိုင်သည့် ပမာဏမှာ ၂၈၄၈ မဂ္ဂါဝပ် ဖြစ်ကြောင်း၊ မြန်မာ လူထု ၏ ၈၀ ရာနှုန်းမှာ လျှပ်စစ် မီး မရရှိကြောင်း ယမန် နေ့ က ကြေညာ ချက် တွင် ပါရှိ သည်။