မင်္ဂလာဒုံ ဗိုလ်ရွေးအဖွဲ့ ကြံ့ဖွံ့ ကြိုတင်မဲပေး

Saturday, 06 November 2010 17:07 ရွေးကောက်ပွဲ သတင်းတို
Print
မင်္ဂလာဒုံမြို့နယ် ငွေယားတောင် ဗိုလ်ရွေးအဖွဲ့ရှိ တပ်မတော်သားများထံမှ ကြိုတင်မဲများကို ပြီးခဲ့သည့် လကတည်း က ကောက်ယူ ခဲ့ပြီး ဖြစ်ကြောင်း သတင်းရသည်။ ထိုကြိုတင်မဲများကို ရုံးပိုင်းဆိုင်ရာ တာဝန်ကျ အရာရှိ တဦးတည်းကသာ အားလုံး ကိုယ်စား ကြံ့ဖွံ့ ပါတီ ကို မဲ ပေးရခြင်း ဖြစ်သည် ဟု အဆိုပါ ဗိုလ်ရွေး အဖွဲ့ရှိ အရာရှိ တဦးက ပြောသည်။