တစညကို မဲမပေးနိုင်ရန် ကြံ့ဖွံ့ တားဆီး

Sunday, 07 November 2010 07:33 ရွေးကောက်ပွဲ သတင်းတို
Print
သာယာဝတီမြို့နယ် သစ်ရာကုန်းအုပ်စု လောက်လေးရွာတွင် တစညပါတီကို မဲပေးမည့် မဲဆန္ဒရှင် ၄၀ ဦးခန့်ကို ကြံ့ဖွံ့ပါတီ၏ ကျေးရွာစည်းရုံးရေးမှူး ဦးဇော်ဝင်းက မဲမပေးရန် ခြိမ်းခြောက်မှု ပြုလုပ်ပြီး ပြန်လွှတ်နေကြောင်း သတင်းရရှိသည်။ ထိုသို့ ပြုလုပ်သည့်အတွက် တစညပါတီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားရန် စီစဉ်နေသည်ဟု ပါတီစည်းရုံးရေးမှူး ဦးစန်းလွင်က ပြောသည်။