သန်လျင်တွင် ဒီမိုကရေစီပါတီများ၏ မဲရုံကိုယ်စားလှယ် နည်းပါး

Sunday, 07 November 2010 09:12 ရွေးကောက်ပွဲ သတင်းတို
Print
သန်လျင်မြို့နယ် အတွင်းရှိ ရပ်ကွက်အများစုနှင့် ကျေးရွာအများစုတွင် ဒီမိုကရေစီ အင်အားစု ပါတီများ၏ မဲရုံကိုယ်စားလှယ် မထားနိုင်ကြောင်း၊ ကြံ့ဖွံ့ပါတီမှာ ကိုယ်စားလှယ် နေရာတိုင်းတွင် ရှိကြောင်း၊ လာရောက် မဲပေးသူများကို ကြံ့ဖွံ့ ကိုယ်စားလှယ် များက ကူညီပေးနေသည်ကို တွေ့ရကြောင်း၊ ဒီမိုကရေစီ အင်အားစု ပါတီဝင်များသာ လူခွဲ၍ မဲရုံများကို လှည့်လည် ကြည့်ရှုနေရကြောင်း ဒေသခံလေ့လာသူ များက ပြောသည်။