မန္တလေး၌ မဲပေးနိုင်သူစာရင်း အများအပြားကျန်နေ

Sunday, 07 November 2010 10:56 ရွေးကောက်ပွဲ သတင်းတို
Print
မန္တလေးတိုင်း အမျိုးသားလွှတ်တော် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ထားရှိသည့် မဲပုံးတွင် ကြိုတင်မဲများနှင့် ပြည့်နေသည့်အတွက် စိတ်ပျက်မိကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သန်း သန်းနု က ပြောသည်။ ထို့အပြင် မဲပေးနိုင်သူ အများအပြား မဲစာရင်းတွင် ကျန်ခဲ့သည့် အတွက်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက် တိုင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။