ရေနီမှာ မဲပေးသူနည်းပါး

Sunday, 07 November 2010 11:54 ရွေးကောက်ပွဲ သတင်းတို
Print
ပဲခူးတိုင်း ရေနီမြို့တွင် လာရောက် မဲပေးသူ နည်းပါးသည့် အတွက် ကြံဖွံပါတီက နေအိမ်များသို့ ဆိုင်ကယ်များ၊ ဆိုက်ကားများ ဖြင့် သွားရောက်ခေါ်ယူနေကြောင်း သတင်း ရသည်။ မဲရုံဖွင့်ချိန် နံနက် ၆ နာရီမှစ၍ ၁၀ နာရီ ကျော် အထိ မဲပေးသူနည်းပါးသည့် အတွက် ထိုသို့ အိမ်တိုင်ရာရောက် ခေါ်ယူရခြင်း ဖြစ်သည် ဟု ဒေသခံ တဦးက ပြောသည်။