အင်းစိန်မှာ ကြံ့ဖွံ့ မဲရုံတွင်းဝင် မဲဆွယ်၍ ပြဿနာဖြစ်

Sunday, 07 November 2010 12:25 ရွေးကောက်ပွဲ သတင်းတို
Print
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကမ်းနားလမ်း မဲရုံတွင် ကြံ့ဖွံ့ပါတီက မဲရုံအတွင်းဝင်ရောက်ပြီး မဲဆွယ်သဖြင့် ပြိုင်ဘက် ပါတီ တခုဖြစ်သော တစည ပါတီဝင်များနှင့် ယနေ့နံနက်က ပြဿနာဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယင်းပြဿနာကြောင့် မဲရုံကို ခေတ္တပိတ်လိုက်ရပြီး ခရိုင် ရဲမှူးကြီးလာရောက်ဖြေရှင်းပေးမှ ပြဿနာပြီးဆုံးခဲ့ပြီး မဲရုံ ပြန်လည်ဖွင့်လှစ် ခဲ့ရသည်ဟု သိရသည်။