မြ၀တီမှာ စစ်ရေးတင်းမာ

Sunday, 07 November 2010 14:45 ရွေးကောက်ပွဲ သတင်းတို
Print
ယနေ့ ရွေးကောက်ပွဲကျင်းပနေစဉ်မှာပင် ကရင်ပြည်နယ် မြ၀တီမြို့၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်နှုတ်ခမ်းမွေးအဖွဲ့နှင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှုဖြစ်ပွားရာ မြ၀တီရဲစခန်းနှင့် နယ်စပ် ဂိတ်တခုကို DKBA တပ်များက ၀ိုင်းခဲ့သည်။ နောက်ဆုံးရသည့် သတင်းများအရ နှစ်ဘက်အပြန်အလှန် ညှိနှိုင်းနေကြောင်း သိရ သည်။