မြ၀တီ တိုက်ပွဲဖြစ်၊ ဘားအံ လုံခြုံရေးတင်းကျပ်

Monday, 08 November 2010 12:40 ရွေးကောက်ပွဲ သတင်းတို
Print
မြ၀တီမြို့၌ နအဖ တပ်နှင့် DKBA ဗိုလ်နှုတ်ခမ်းမွေး တပ်များ ယနေ့ နံနက်ပိုင်းမှ စတင်၍ တိုက်ပွဲ ဖြစ်ပွားနေပြီး ဘားအံမြို့တွင်လည်း စစ်အစိုးရ အာဏာပိုင်များက လုံခြုံရေး တင်းကျပ် ထားကြောင်း ဒေသခံ မျက်မြင်များက ပြောသည်။ “ရဲတွေ မြို့ထဲမှာ ပတ်နေပြီး ဒီမှာရှိတဲ့ နယ်ခြားစောင့်တပ် ပြန်ဝင်မလား ဆိုပြီး စိတ်မချဘူး ဖြစ် နေတယ်” ဟု ၎င်းက ဆိုသည်။ ဘားအံမြို့ပေါ်နှင့် လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကားများလည်း မြ၀တီဘက်သို့ ထွက်ခွာ သွားကြောင်း သိရသည်။