လေးမျက်နှာက ကြိုတင်မဲစာရင်းတွင် သံဃာတော်နှင့် လူသေ အမည်များ ပါဝင်

Monday, 08 November 2010 13:26 ရွေးကောက်ပွဲ သတင်းတို
Print
ဧရာဝတီတိုင်း လေးမျက်နှာ မြို့နယ်တွင် ကြိုတင်မဲ စာရင်းများ၌ သံဃာတော်များနှင့် သေဆုံးပြီးသူများ၏ အမည်များပါ ပါဝင်နေကြောင်း၊ မဲရေသည့်အချိန်တွင်လည်း စောင့်ကြည့်ခွင့်မရကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ ဒေသတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ၃ ခုစလုံး၌ ကြံ့ဖွံ့ပါတီက အနိုင်ရရှိခဲ့ကြောင်း သိရသည်။